Thursday, May 31, 2012
ကျောက်ကြီး IDP ဆွေးနွေးပွဲ - အပိုင်း (၁)+(၂) (ရုပ်သံ)
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် (ရုပ်သံ)
ဘုရားသုံးဆူမြို့တွင် ပန်းသီးပုံး လောင်းကစားဝိုင်းများ ပြန်ဖွင့်
မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ပန်းသီးပုံးဟုခေါ်သည့် လောင်းကစားဝိုင်းများကို ပြီးခဲ့သည့် ရက်အနည်း ငယ်မှစ၍ တရားဝင်ပုံစံမျိုးဖြင့် ပြန်လည် ဖွင့်လှစ်လိုက်သည်ဟု မြို့ခံများက ပြောသည်။
KIO နှင့် မြန်မာအစိုးရ ဇွန် ၁ရက်နေ့ တွေ့ဆုံကြမည်
Wednesday, 30 May 2012
မေလ ၃၀ရက်၊ ၂၀၁၂။ စအိုင်သန်
ဒီပဲယင်း သမိုင်းမှန် ပေါ်ချင်သူ
လင်းဘိုဘို | ဗုဒ္ဓဟူးနေ့၊ မေလ ၃၀ ရက် ၂၀၁၂ ခုနှစ် 
(ဒီပဲယင်း ၉ နှစ်ပြည့် အထူးအင်တာဗျူး)
ရန်ကုန် (မဇ္ဈိမ) ။       ။ ၂ဝ၁၂ ခုနှစ်၊ မေလ ၃ဝ ရက်နေ့သည် ဒီပဲယင်း အရေးအခင်း ၉ နှစ် ပြည့်မြောက်သည့်နေ့
ဖြစ်သည်။ ၂ဝဝ၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမြို့နယ် ကျီရွာတွင် တိုက်ခိုက် ခံခဲ့ရသည့် ယင်းဖြစ်ရပ် တွင် မည်သူက အကွက်ချစီမံ၍ မည်သူ ဦးဆောင်ခဲ့သည်၊ မည်သူများ ပါဝင်ခဲ့သည် ဆိုသည် ကို ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
Wednesday, May 30, 2012
ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ရောက်ရှိ
2012-05-29
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာ ကာလအတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို အင်္ဂါနေ့ည (၁၀) နာရီက ထိုင်းလေကြောင်းလိုင်းနဲ့ ရောက်ရှိလာပါတယ်။
AFP
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ၊ သုဝဏ္ဍဘူမိလေဆိပ်သို့ ၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ရောက်ရှိလာစဉ်။
ပဲခူးတိုင်း ကျောက်ကြီးဒေသခံ IDP ကရင်လူမျိုးစုတွေကို ယာယီမှတ်ပုံတင်ကဒ်ပြားထုတ်ပေး
နော်ဝေနိုင်ငံ အော်စလိုမြို့ကို လေ့လာရေးခရီး လာရောက်သွားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမေးမြန်းခန်း - အပိုင်း (၁)+(၂)+(၃)
Tuesday, May 29, 2012
လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ဘီဘီစီ သီးသန့် အင်တာဗျူး - ရုပ်သံအပိုင်း (၁)+(၂)
ကရင်ဒုက္ခသည်များကို သွားရောက်တွေ့ဆုံရန် ဒေါ်စုထံ KWO အိတ်ဖွင့်ပေးစာပို့
Tuesday, 29 May 2012
မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်များအား သွားရောက်တွေ့ဆုံရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲ-WEF တက်ရောက် မည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ထံသို့ ကရင်အမျိုးသမီးအစည်းအရုံး-KWO က ယနေ့အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့တိုက်တွန်း လိုက်သည်။
ကျောက်ကြီး IDPများလွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်နှင့် စားနပ်ရိက္ခာ ခက်ခဲကြောင်း တင်ပြတောင်းဆို
Tuesday, 29 May 2012
မေလ ၂၉ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန်
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးဒေသအတွင်းရှိ အိမ်ခြေမဲ့ ပြည်သူများ(IDPs)က ၎င်းတို့အတွက် လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်နှင့် အစားအစာ လိုအပ်ကြောင်း အကူအညီပေးနေသော အဖွဲ့ များအား တောင်းဆိုလိုက်သည်။
အရပ်ဘက်ပစ်မှတ်ေတွကို တိုက်ခိုက်ဖို့ ညွှန်ြကားထားတာ မရှိဘူး
May 28, 2012 by နန်းြမနဒီ   
ေကအိုင် ေအ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ် ေမာ်
ဒီတံု့​ြပန်​ေြပာြကား​ချက်နဲ့​ ပတ်သက်ြပီး​ ​ေကအိုင်​ေအ ဒု – စစ်ဦး​စီး​ချုပ် ဗိုလ် ချုပ်ဂွမ်​ေမာ်ကို ဆက်သွယ်​ေမး​ြမန်း​ထား​ပါတယ်။
KNPP နဲ့ နိုင်ငံရေး အလျော့အတင်း
Monday , 28 May 2012
အစိုးရရဲ့ ပဏာမ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဟာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ မသွားခင် ကရင်နီပြည်အတွင်း လူထုနဲ့ တွေ့ဆုံရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
Monday, May 28, 2012
ခ့ၣ်အဲၣ်ယူၣ်ဒီးကီၢ်စဲၣ်ကိတိာ်မၤ၀ဲ ကညီလံာ်လဲၢ်လုၢ်ထူသနူ တၢ်ပျၢ်ကၠိအမူး ၄၂ ၀ီတ၀ီ
ဆန္ဒြပသူအချို့​ကို ရဲကထိုး​ြကိတ်မှုအ​ေပါ် အန်အယ်လ်ဒီကို ​ေခါ်ယူ​ေမး​ြမန်း
May 26, 2012 by ​ေအး​နိုင်  
ဒီလ ၂၄ ရက်​ေန့​ညက ပဲခူး​တိုင်း​ သာယာဝတီြမို့​မှာ ဆန္ဒြပလူငယ်​ေတွကို ရဲစခန်း​မှူး​က ထိုး​ြကိတ်တဲ့​အ​ေပါ် အမျိုး​သား​ဒီမိုက​ေရစီအဖွဲ့​ချုပ် (သာယာဝတီြမို့​နယ်) ရဲ့​ သ​ေဘာထား​ကို ြမို့​နယ်အုပ်ချုပ်​ေရး​မှူး​က ​ေခါ်ယူညှိနှိုင်း​ ​ေမး​ြမန်း​ပါတယ်။
လားရှိုး-မန္တလေးသွား ကုန်ကားများ ညဘက် သွားလာရန် ထိတ်လန့်နေ
Sunday, 27 May 2012
မေလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန်
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကမြို့ဖြစ်သော မူဆယ်မြို့မှ လားရှိုးနှင့် မန္တလေးသို့သွားသော ကုန်ကားများသည် မေလ ၂၅ ရက်နေ့မှစ၍ ညဖက်မထွက်ရဲဘဲ ဖြစ်နေကြောင်း မူဆယ်ဒေသခံကုန်သည်များက ပြောသည်။
Sunday, May 27, 2012
VOA Burmese TV Magazine ~ May 4th Week Program
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာခရီးစဉ်စတင်
စနေ, 26 မေ 2012
By ဗွီအိုအေ (မြန်မာဌာန) 
India နိုင်ငံဝန်ကြီးချုပ် Manmohan Singn ဟာ သမိုင်းတွင်မယ့် ခရီးစဉ်တခုအဖြစ်နဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိမှာဖစ်ပါတယ်။ ၂၅ နှစ်အတွင်း India ဝန်ကြီးချုပ်တဦးရဲ့ မြန်မာနိုင်ငံ ပထမဆုံးခရီး စဉ်ဖြစ်ပြီး မေလ (၂ရ) ရက်ကနေ (၂၉) ရက်နေ့ထိ (၃) ရက်ကြာမှာဖြစ်ပါတယ်။
Gain the Goal by Working Together
မှတ်မှတ်သားသား ဖြစ်စေသော စေတနာ အကြံ
အိန္ဒိယက မြန်မာကို စစ်ပစ္စည်းတွေ ဆက်ရောင်းနေ
2012-05-26
အိန္ဒိယအစိုးရက သူတို့အနေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ပေးပို့နေကြောင်း ပြောကြားလိုက်ပါတယ်။
AFP
အိန္ဒိယနိုင်ငံ တလန်ဂါနာပြည်နယ် အိုစ်မန်နီယာ တက္ကသိုလ်ဝင်းအတွင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့က ဆန္ဒပြမှုကို လုံထိန်းရဲများ မျက်ရည်ယိုဗုံးများနှင့် ပစ်ခတ် ဖြိုခွဲနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းရဲ့ မနက်ဖြန် စတင်မဲ့ မြန်မာနိုင်ငံ ခရီးစဉ် နဲ့ ပတ်သက်ပြီး  မေလ ၂၅ ရက်နေ့ က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် Ranjan Mathai က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မယ်လ ဒုက္ခသည်စခန်း သွားမည်
စနေ, 26 မေ 2012
By ရော်နီညိမ်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မှာ ရောက်ရှိနေစဉ်၊ ဇွန်လ(၂)ရက်နေ့မှာ မဲဆောက်မြို့အနီးက မယ်လဒုက္ခသည်စခန်းကို သွားရောက် မှာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်က အကြီးဆုံးသောမယ်လဒုက္ခသည်စခန်းကို ဒေါ်အောင်ဆန်းစု ကြည် ရောက်ရှိလာတဲ့အခါ ဒီစခန်းထဲက ပညာသင်ကြားမှု အခြေအနေနဲ့ ကျန်းမာရေးအခြေအနေတွေ ကို လေ့လာမှာဖြစ်တယ်လို့၊ ဒီစခန်းရဲ့တာဝန်ရှိသူက ဗီအိုအေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်မြို့က မယ်တော်ဆေးခန်းကို သွားရောက်မှာ ဖြစ်သလို၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဦးရော်နီညိမ်းက တင်ပြပေးပါလိမ့်မယ်။
Inside News
ကချင်ဓမ္မဆရာကို မြန်မာစစ်သားများ ထိုးနှက် တိုက်ခိုက်
26 May 2012
By KNG
prayer-service-myitsone-dam
ရေကာတာစီမံကိန်းရပ်ဆိုင်းရန် ဧရာဝတီမြစ်ဆုံတွင် ဆုတောင်းနေကြသော ကချင်နှစ်ခြင်းအသင်းတော်ဝင်များ။
Saturday, May 26, 2012
Monthly News
Who is the bad actor
သံမဏိစက်ရုံအလုပ်သမားများ အစာငတ်ခံဆန္ဒပြ
May 25, 2012
ရန်ကုန်တိုင်း​အတွင်း​ ရှိ စက်မှုဇုန်​ေတွမှာ အလုပ်သမား​ဆန္ဒြပမှု​ေတွ ဆက်လက် ြဖစ်ပွား​ေနြပီး​ စက်ရံုတချို့​မှာ အလုပ်ရှင်နဲ့​ အလုပ်သမား​ ညှိနှိုင်း​တဲ့​အခါ ​ေြပလည်မှု ရသွား​ြပီြဖစ်မယ့်​ တချို့​စက်ရံု​ေတွမှာ​ေတာ့​ အစာငတ်ခံဆန္ဒြပတဲ့​အထိ အ​ေြခအ​ေန တင်း​မာ​ေနပါတယ် ။
Burmese TV Update 05-26-2012
အသုဘအတွက် နွားပစ်ယူရာမှ ၀ိုင်းမော်မြို့နယ်အနီး တိုက်ပွဲဖြစ်
25 May 2012
By KNG
အသုဘ ပွဲပြုလုပ်ရန် နွားပစ်ယူရာမှစပြီး မြန်မာအစိုးရတပ်ဖွဲ့နှင့် ကချင်ပြည်သူ့စစ်တပ်ဖွဲ့ (MHH) ကြား မြစ်ကြီးနားမြို့မှ ၁၁ မိုင်ကျော်အကွာတွင် ၃ ရက်ကြာ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများ ပြောသည်။
လူထု တောင်းဆိုမှုကို အကြမ်း မဖက်မိဖို့ အာဆီယံ အတွင်းရေးမှူးချုပ် သတိပေး
Suu_Rinမြန်မာ လူထု၏ လျှပ်စစ် စွမ်းအင် ရရှိရေး ဆန္ဒ ထုတ်ဖေါ်မှုများကို အေးဆေး ညင်သာစွာ ဖြေရှင်းသင့်ကြောင်း၊ အကြမ်း ဖက်ဖို့မသင့်ကြောင်း၊ ဒီကိစ္စသည် စစ်အုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရာတွင် ဖြစ်တတ်သည့် ပြသနာများပင်ဖြစ်ကြောင်း သဘောထား သင့်သည်ဟု  အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်က မြန်မာ အစိုးရကို ကြာသပတေးနေ့က တိုက်တွန်း သတိ ပေးလိုက်ကြောင်း ရိုက်တာ သတင်းဌာနက ရေးသား ထားပါသည်။
Friday, May 25, 2012
အစိုးရတပ်နှင့် SSA တို့ တိုက်ပွဲပြန်ဖြစ်
Written by သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။ မေလ ၂၄ ရက်၊ ၂၀၁၂ ခုနှစ်။  
Thursday, 24 May 2012
ပြည်ထောင်စုအဆင့် ဆွေးနွေးပြီးသော်လည်း အစိုးရတပ်နှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်းခေါ် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ SSA/ RCSS နှစ်ဖက် တပ်ဖွဲ့အကြား ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။
ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုန်မြို့ အခြေစိုက် အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၆၅) မှ တပ်ဖွဲ့ဝင်အချို့က ပုံပါကျင်မြို့နယ် အတွင်း SSA ဒေသအုပ်ချုပ်ရေး တပ်ဖွဲ့ဝင်များ အခြေချရာ လွယ်ငွမ်းတောင်သို့ ၀င်ရောက်လာသည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း SSA ဒု-ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆိုင်မိန်းက အခုလို ပြောသည်။
ပြည်သူတွေ လျှပ်စစ်ခြွေတာဖို့ သမ္မတ အကြံပေး တိုက်တွန်း
 ကြာသပတေး, 24 မေ 2012
By သင်းသီရိ
သမတအကြံပေး ဦးကိုကိုလှိုင်
မြန်မာနိုင်ငံမှာ အိမ်တွေ ဖယောင်းတိုင်ထွန်းပြီး လျှပ်စစ်မီး ပိတ်ထားရင် ပြဿနာ အဆင်ပြေသွားမယ်လို့ နိုင်ငံတော် သမ္မတအကြံပေး တဦးက ပြောပါတယ်။ အခုရက်ပိုင်းတွေထဲမှာ မြန်မာနိုင်ငံမှာ အလုပ်သမားလစာတိုးရေးနဲ့ လျပ်စစ်မီး အချိန်အပြည့်အ၀ ရရှိရေးတွေအတွက် ဆန္ဒပြ တောင်းဆိုတာတွေနဲ့ ပတ်သက်တဲ့ သတင်းထောက်တွေရဲ့ မေးခွန်းထဲ အခုလို ဖြေခဲ့တာဖြစ်ပြီး ဆန္ဒပြတာတွေ မလုပ်ပဲ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အချင်းချင်း ပြေလည်အောင် ညှိနှိုင်းတာဟာ
အကောင်းဆုံးပဲလို့ သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ပြောခဲ့ပါတယ်။ ရန်ကုန်က သမ္မတ အကြံပေးရုံးမှာ ဒီကနေ့ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်းကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။
၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ဖေ့စ်ဘွတ်ခ်တွင် ဖတ်ရှုရသည့် ဆွေးနွေးချက်များ
ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက် - “လျှပ်စစ်မီး မရရှိမှုကြောင့် ဖယောင်းတိုင်မီးထွန်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို သဘောကျပါတယ်။ ဒါပေမယ့် တချို့ဆန္ဒပြသူတွေက လျှပ်စစ်မီးကို အရင်ပေးပါ၊ ဒီမိုကရေစီကို နောက်မှ ပေးပါလို့ ပြောဆိုတာတွေက ကျမစိတ်ထဲမှာ ဘ၀င်မကျပါဘူး။ လျှပ်စစ်မီးတွေ မှန်မှန် မရတာဟာ ဘာကြောင့်လဲဆိုတာ အားလုံးကို သေသေချာချာ စဉ်းစားစေချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။
လျှပ်စစ်မီးနဲ့ ဒီမိုကရေစီ ဘာအရေးကြီးဆုံးလဲ
လျှပ်စစ်မီး မှန်မှန် ရရှိဖို့ ရန်ကုန်နဲ့ မန္တလေးတွေ အပါအ၀င် မြို့ကြီးတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တာတွေ  ပြုလုပ်နေစဉ်မှာပဲ လျှပ်စစ်မီးနှင့် ဒီမိုကရေစီ ဘာအရေးကြီးဆုံးလဲဆိုတာနဲ့ ပတ်သက်ပြီး သုံးသပ်မှုတွေလည်း ပေါ်ထွက်လာပါတယ်။
ကျောက်တံတားမြို့နယ် NLD ရုံးဖွင့်ပွဲ အကြို ဈေးရောင်းပွဲကို မေလ ၂၃ ရက်နေ့ ညနေက ပြုလုပ်စဉ် (ဓာတ်ပုံ- ဧရာဝတီ)
ထိုင်းမြန်မာ ဆက်သွယ်ရေး ရထားလမ်းသစ်ကို ၂၀၁၃ မတိုင်မီ အပြီး တည်ဆောက်မည်
Thursday, 24 May 2012 17:05
Train_01ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်သွယ် ထားသော မီးရထား လမ်းသစ်ကို မြန်နှုန်းမြင့် မီးရထားလမ်းအဖြစ် နှစ်နိုင်ငံ အစိုးရ များ၏ သဘော တူညီချက်အရ ၂၀၁၃ ခုနှစ် မတိုင်မီ အပြီးတည်ဆောက် သွားမည်ဟု ထိုင်းနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်း ရှင်များ အသင်း ဥက္ကဋ္ဌ Mr.Jirabool Vitayasing က ပြောပါသည်။
အဆိုပါ ရထားလမ်းအား ပထမ အဆင့်အနေဖြင့် ထိုင်းနိုင်ငံရှိ ကန်ချနဘူရီခရိုင်မှ ကီလိုမီတာ (၁၅၀) အကွာအဝေးတွင်  ရှိ   သော ထားဝယ် ရေနက်ဆိပ်ကမ်းအထိ ဖောက်လုပ်သွားမည်ဖြစ်ပြီး ဒုတိယ အဆင့်အဖြစ် ထားဝယ်မြို့အား ဖြတ်ကျော်ကာ ရန်ကုန်မြို့အထိ ဆက်သွယ်သွားမည်ဖြစ်သည်။ အဆိုပါ မီးရထားလမ်းသည် အာရှ ကွန်ယက် မြန်နှုန်းမြင့် မီးရထားလမ်းနှင့် ချိတ်ဆက်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထိ ရောက်ရှိသွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
Thursday, May 24, 2012
ကချင်မြေသို့ ငြိမ်းချမ်းရေးတေးသံ (ရုပ်သံ)
ကချင်စစ်ပြေး ဒုက္ခသည်များကို ပစ်မှတ်ထား လူကုန်ကူးနေ
ကချင်စစ်ပြေး ဒုက္ခသည် စခန်းများကို ပစ်မှတ်ထားကာ လူကုန်ကူးမှုများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း တရုတ် – မြန်မာ နယ်စပ်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်နေသည့် ဒေါ်မိုင်းဂျာက ဧရာဝတီကို ပြောသည်။
ကချင်ပြည်နယ်သည် မူလကတည်းက တရုတ်နယ်စပ်မှ တဆင့် လူကုန်ကူးမှုများရှိခဲ့သော်လည်း ယခုအခါ ပြည်တွင်း စစ်ကြောင့် ပြေးရှောင်နေရသည့် ဒုက္ခသည်စခန်းများကို အဓိကပစ်မှတ်ထားပြီး ပိုမို ဖြစ်ပေါ်လာကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ကချင် အမျိုးသမီးအစည်းအရုံး (KWAT) အဖွဲ့၏ တာဝန်ရှိသူတဦးဖြစ်သည့် ဒေါ်မိုင်းဂျာက ရှင်းပြသည်။
ကချင်ပြည်နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများ (ဓာတ်ပုံ - Jinghpaw Kasa Blog)
ဆန္ဒပြမှုများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အမြင် (ရုပ်သံ)
ပြုပြင်ပြောင်းရေးစီမံကိန်းဆိုးကျိုး ပလောင်လူထု ခံစားနေရဆဲ
Wednesday, 23 May 2012
မေလ ၂၃ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးများ ရှိနေသော်လည်း သျှမ်းပြည်နယ်မြောက်ပိုင်း ပလောင်(တအာင်း) နေထိုင်ရာဒေသရှိ ပြည်သူများ သည် ပြုပြင်ပြောင်းလဲရေး အကြီးစားစီမံကိန်းများ၏ ဆိုးကျိုးများကို ခံစားနေရဆဲ ဖြစ်ကြောင်း တအာင်း ကျောင်းသားနှင့်လူငယ်များအစည်းအရုံး-TSYO က ယနေ့ ပြောကြားလိုက်သည်။
အထက်အရာရှိ နှိပ်စက်မှု မခံနိုင်၍ အစိုးရစစ်သည် ၃ဦးထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိခဲ့
Wednesday, 23 May 2012
မေလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီခရိုင် ဝေါ်လေဒေသ အခြေစိုက် မြန်မာအစိုးရစစ်တပ်မှ စစ်သည် ၃ဦးသည် အထက်အရာရှိတို့၏ နှိပ်စက်မှုကို အခံနိုင်၍ ယခင် ဧပြီလကုန်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရမြို့နယ် တစ်နေရာသို့ ထွက်ပြေးရောက်ရှိ ခဲ့သည်။
Wednesday, May 23, 2012
နေပြည်တော်လို မီးလင်းရမယ်
May 23, 2012 
 ရန်ကုန်မြို့တော်ရဲ့ အချက်အချာကျ မြို့တော်ခန်းမကြီးရှေ့မှာ မေလ ၂၂ ရက်နေ့ညနေက ရဲကားတွေ၊ လက်နက်ကိုင်ဆောင်ထားတဲ့ ရဲတွေ အသင့်အနေအထားရှိနေကြပြီး သူတို့ရဲ့သွင်ပြင်လက္ခဏာတွေက အရေးအခင်းကြီးတခုကို နှိမ်နင်းတော့မည့်အလား။
လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြလှုပ်ရှားသူများ (ဓာတ်ပုံ - ခင်သြ / ဧရာဝတီ)
KNU နှင့် ပြည်နယ်ဝန်ကြီးများ ၄၂နှစ်မြောက် ကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲ တက်ရောက်
Wednesday, 23 May 2012
မေလ ၂၂ရက်၊ ၂၀၁၂။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ရွှေကုက္ကိုကျေးရွာတွင် ယနေ့မနက် ကျင်းပခဲ့သည့် ၄၂နှစ်မြောက် ပြည်နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲ အခမ်းအနားသို့ ကရင်အမျိုးသားအစည်းအရုံး -KNU နှင့် မြန်မာအစိုးရအသိုင်းအ၀ိုင်းမှ တက်ရောက်ခဲ့ကြသည်။
မီးလုံလောက်စွာ မပေးနိုင်တော့ကြောင်း အစိုးရထုတ်ပြန်
on May 22, 2012
လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်ပြီးနောက် မီးပျက်ရခြင်းနှင့်ပတ်သက်၍ အစိုးရက ပြည်သူလူထုထံ မေတ္တာရပ်ခံ ပန်ကြားကြောင်း ယနေ့ထုတ် သတင်းစာများတွင် ယနေ့ ထုတ်ပြန်လိုက်သည်။
ဖရောင်းတိုင်မီးဖြင့် ညဘက် ဈေးရောင်းနေရသည့် ရန်ကုန်လမ်းဘေးဈေးသည် (ဓာတ်ပုံ - Reuters)
Tuesday, May 22, 2012
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းနှင့် KIO တို့ တွေ့ဆုံ
ဖနိဒါ | တနင်္လာနေ့၊ မေလ ၂၁ ရက် ၂၀၁၂ ခုနှစ်
ချင်းမိုင်(မဇ္စျိမ) ။          ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ယနေ့ တနလာင်္နေ့တွင် အလွတ်သဘော တွေ့ဆုံခဲ့သည်။
ဖြိုးဝေအောင် အသည်းကင်ဆာ နောက်ဆုံးအဆင့်ရောက်
တနင်္လာ, 21 မေ 2012
By မအေးအေးမာ 
၂၀၁၀ ခုနှစ်သင်္ကြန်ကာလ ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲခံရပြီးသေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်သား ကိုဖြိုးဝေအောင် အသည်း ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဆရာဝန်ရဲ့ စစ်ဆေးချက်အရ လပိုင်းလောက်ပဲ အသက်ရှင်သန်ခွင့် ရှိတော့မှာဖြစ်ကြောင်း မိသားစု က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
လူ ၁၀ ဦးသေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရရှိခဲ့တဲ့ ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုနဲ့ စွပ်စွဲခံထားရပြီး ပြီးခဲ့တဲ့မေလ ၈ ရက်နေ့က သေဒဏ် ပေးခြင်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဖြိုးဝေအောင်ဟာ အင်းစိန်ထောင်အတွင်း အမှုစစ်ဆေးနေစဉ်ကာလမှာ အသည်းရောင်-ဘီပိုး ကူးစက်ခံရပြီး အသည်းမှာ ပြည်တည်နာဖြစ်ခဲ့ရတာပါ။ အခုအခါမှာတော့ ဆေးကုသခွင့်မရတာကြောင့် အသည်းကင်ဆာ နောက်ဆုံး အဆင့်နဲ့ လပိုင်းလောက်ပဲ အသက်ရှင်သန်ခွင့်ရတော့မှာဖြစ်ကြောင်း ညီဖြစ်သူ ဒေါက်တာ ထက်ဝေအောင်က ပြောပါတယ်။
လူထုကို ရဲတွေ အကြမ်းဖက် ရိုက်နှက်
Monday, May 21, 2012
U Aung Min Interview - DVB 21.05.2012
ကွက်ကြားမိုး
ကွက်ကြားမိုး
(လင်္ကာဒီပ)
ညီလေးရေ…..
ယမ်းသံဆိတ် ကွက်ကြားမိုးရွာနေတာက
စေတနာမမှန်တဲ့အထာ
သာယာမယ့် ငြိမ်းချမ်းရေးလမ်း
ပန်းတိုင်အစစ်အမှန်မဟုတ်ဘူး
အရူးထ အသွင်ကူးပြောင်းပုံရိပ်များ
မှုန်ဝါးဝါး ရေးရေးထင်
ရင်ခွင်မသစ် ရင်ခွင်မစစ်
ကျွန်ဖြစ် နွံနစ်မယ့် တံလျပ်များပေပေါ့။
DKBA က မူးရစ်ဆေးဝါး ကင်းစင်ရေး လူထု အစည်းအဝေးပွဲ ကျင်းပ
Sunday, 20 May 2012 18:24
BA_02ကရင်ပြည်နယ် မြ၀တီမြို့ နယ် ဆုံစည်းမြိုင် ကျေးရွာရှိ ကလို့ထူးဘော ကရင် အမျိုးသား အစည်းအရုံး (K.K.O) အဖွဲ့ အခြေခံ ထားသော ဒေသ၌ မူးရစ်ဆေးဝါး ကင်းစင်သော လူထု စည်းဝေးပွဲ တရပ် ယနေ့ မနက် (၁၀) နာရီမှ ၁၂ နာရီ အထိ ကျင်းပခဲ့သည် ဟု ဒီကေဘီအေ ပြောခွင့်ရသူ စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး စောကိုမျိုးက ဆိုပါသည်။
Sunday, May 20, 2012
SSA Pace Talk (live report) - DVB 19.05.2012
ထားဝယ် အထူးစီးပွားရေးဇုန်ကြောင့် နစ်နာချက် ဒေသခံပြည်များ တင်ပြ
May 19
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ ထားဝယ်ခရီးစဉ်အတွင်း ထားဝယ် ရေနက်ဆိပ်ကမ်းဧရိယာသို့ ရောက်ရှိ စဉ် ဒေသခံများစုပေါင်းကာ လက်မှတ်ရေးထိုးတောင်းဆိုမှုတခု ပြုလုပ်ခဲ့ပါသည်။ ၈၈ ကျောင်းသားများ၏ လူထုတွေ့ဆုံပွဲ သို့ တက်ရောက်သူဒေသခံ ၂၀၀ ကျော်က ထားဝယ်စီမံကိန်းကြောင့် မြေယာသိမ်းဆည်းတာတွေနဲ့ ပတ်သက်ပြီး မေလ ၁၇ ရက်နေ့က တောင်းဆိုတင်ပြခဲ့ပါတယ်။
ကေအဲန်ယူ တောင်ငူခရိုင် လူထုရှင်းလင်းပွဲသို့ မြန်မာစစ်တပ်မှ တပ်မမှူးတက်ရောက်ခဲ့
Saturday, 19 May 2012
မေလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
Saturday, May 19, 2012
RFA TV May 18, 2012
UNFC တောင်းဆိုချက်
Sanction များ ဆိုင်းငံ့ ထားခြင်းဖြင့် မြန်မာ့ နိုင်ငံ ရေးကို ပြောင်းလဲရန် UNFC တောင်းဆိုမည်
သတင်း - နိုင်ငံတကာ
kun_okkarသွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် ဆိုင်ရှင်များ ဆိုင်းငံ့ထားသည့် နည်းလမ်းဖြင့် မြန်မာ့နိုင်ငံရေး ပြောင်းလဲ သွားစေရန် ရည်ရွယ်ပြီး ယခုလ အကုန်ပိုင်း၌ ပြည်ပနိုင်ငံများသို့ ခရီး ထွက်ခွာပြီး တောင်းဆိုမည်ဖြစ်ကြောင်း UNFC မှ အမည် မဖော်လိုသူ ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့ပါသည်။
“ ဒီကိစ္စအတွက် ကျနော်တို့ ကိုယ်စားလှယ် လေးဦးကို အမေရိကန် ဥရောပ နိုင်ငံတွေကို စေလွှတ်ပြီး lobby ခရီးစဉ်အနေနဲ့သွားဖို့ ရှိပါ တယ်” ကိုယ်စားလှယ်တွေလည်း ရွေးချယ်ထားပြီးပါပြီး” ဟုပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ခရစ်ယာန်ဘုရားကျောင်း၌ ကချင်အမျိုးသမီးအား မြန်မာစစ်တပ်မှ အဓ္ဓမပြုကျင့်
Friday, May 18, 2012
Interview with Thura U Shwe Mahn
မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး အတွက် ဒေသခံများကို DKBA ခေါ်ဆွေးနွေးမည်
Thursday, 17 May 2012
မေလ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုများကို ပူးပေါင်းတိုက်ဖျက်ရန် ရည်ရွယ်၍ ၎င်းတို့ ထိန်းချုပ်နယ်မြေ အတွင်းရှိ ရွာများမှ တာဝန်ရှိ ပုဂ္ဂိုလ် ရွာသူကြီးများနှင့် ဒေသခံများကို ခေါ်ယူဆွေးနွေးမည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA က ပြော သည်။
Thursday, May 17, 2012
နိုင်ငံရေး ပါတီ ၆ ခုမှ ခေါင်းဆောင်များ သြစတြေးလျတွင် နိုင်ငံရေး သင်တန်း တက်ရောက်မည်
မင်းဆက်ခိုင်
-------------
မြန်မာနိုင်ငံ လက်ရှိနိုင်ငံရေး ပါတီ (၆) ခုမှ ခေါင်းဆောင်များသည် သြစတြေးလျ နိုင်ငံတွင် နိုင်ငံရေး သင်တန်း တက်ရောက်ကြမည် ဖြစ်ကြာင်း သတင်း ရရှိသည်။
သင်တန်း တက်ရောက်ကြမည့်သူများထဲတွင် ဦးလှစော (RNDP)၊ ဦးဇိုဇမ် (CNP)၊ ဒေါက်တာသန်းငြိမ်း (NDF)၊ ဒေါ်သန်းသန်းနု (ဒီမိုကရက်တစ်ပါတီ)၊ ဦးထွန်းသိန်း (တစည)၊ ဦးလှမောင် (ဒီမိုကရက်တစ်ဖွံ့ဖြိုးရေးပါတီ) တို့ ဖြစ်ကြသည်။
Wednesday, May 16, 2012
ကရင့်တော်လှန်ရေးနေ့ ဇန္န့ဝါရီ (၃၁)ရက်နေ့
 “ကျွန်တော်တို့ ဒုတိယ ကမ္ဘာစစ် ကတည်းက စတင်လာတဲ့ ကရင်ဗမာ မုန်းတီးရေး စိတ်ဓါတ်ကို ဒီနေ့ အဆုံးသတ် လိုက်ပီလို့ ဒီနေရာကနေ ပြောချင်ပါတယ်၊ လက်နက်ကိုင် တိုက်လာတာ အနှစ် (၆၃) နှစ် နီးပါး အချိန်ကို ရောက်နေပါပြီ၊ လက်နက်ကိုင် နည်းနဲ့ နိုင်ငံရေး ပြသနာကို ဖြေရှင်းလို့ မရဘူးဆိုတာ ကျွန်တော်တို့ လေးလေးနက်နက် သဘောပေါက်သလို ဦးအောင်မင်းတို့လည်း နားလည် သဘောပေါက် ကြမှာပါ” ဟု ဘုရားသုံးဆူမြို့၌ ပြုလုပ်သည့် ကေအန်ယူ၏ တတိယမြောက် ဆက်ဆံရေး ရုံး ဖွင့်ပွဲသို့ အဖွင့် မိန့်ခွန်း၌ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူးတူးဆေးဖိုးက ပြောကြားသွားပါသည်။
တိုင်းရင်းသား ငြိမ်းချမ်းရေး အပစ်အခတ် ရပ်ရုံနဲ့ မလုံလောက်
By VOA Burmese 
ဓာတ်ပုံ ASSOCIATED PRESS
KNU ၏ တတိယမြောက် ဆက်ဆံရေး ရုံးဖွင့်ပွဲသို့ ရထားဝန်ကြီး ဦးအောင်မင်း တက်ရောက်
Tuesday, 15 May 2012 17:18
Written by ရွှေဟင်္သာသတင်းဌာန
DSCF1090ယနေ့နံနက် (၉) နာရီ၌ ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၌ ပြုလုပ်သည့် ကေအန်ယူ၏ တတိယမြောက် ဆက်ဆံရေး ရုံး ဖွင့်ပွဲသို့ ရထား ပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းမှ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ဖွင့်ပွဲသို့ ရထားဝန်ကြီး ဦးအောင်မင်း နှင့်အတူ စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ဦးသန်းဌေး၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မင်း တို့လည်း တက်ရောက် လိုက်ပါလာ ခဲ့ကြပါသည်။ KNU ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူးတူးဆေးဖိုး ခေါင်းဆောင်၍ အတွင်းရေးမှူး စောဒေးဗစ်ထော နှင့်အတူ KNU အရာရှိကြီးများ တက်ရောက် ခဲ့ကြသည်။
Tuesday, May 15, 2012
Burmese TV Update 05-15-12
ဗိုလ်မှူးကြီးမိုးဖြူ ဈာပန ပရိဿတ် ၂၀၀နီးပါး လာရောက်ခဲ့
Monday, 14 May 2012
မေလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးမှူး ဒုတိယတန်းအဆင့် ဗိုလ်မှူးကြီးမိုးဖြူ၏ ဈာပနအခမ်းအနားကို ကရင် အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၇)နေရာတွင် ယနေ့ပြုလုပ်ခဲ့ရာ လူပရိဿတ် ၂၀၀နီးပါးခန့် လာရောက်ခဲ့ကြသည်။
ဗိုလ်နှုတ်ခမ်းမွေး မူးယစ်ဆေးနှင့် မပတ်သက်ဟု ထိုင်းစစ်တပ် ပြော
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်ချုပ် စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အထောက်အထား မရှိကြောင်း ထိုင်းစစ်တပ် အမှတ် ၃ ဒေသမှ တာဝန်ရှိသူတဦးက ပြောကြားလိုက်သည်။
ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ထိန်းချုပ်ထားသည့် ဒေသတွင် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးလိုက်ပြီးနောက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှ လယ်သမားများ မြန်မာပြည်ဘက်သို့ ကူးနေစဉ် (ဓာတ်ပုံ - Bangkok Post)
Monday, May 14, 2012
ထိုင်းအစိုးရ နဲ့ ဒီကေဘီအေ အဖွဲ့ကြား ပဋိပက္ခ
တနင်္ဂနွေ, 13 မေ 2012
ကိုကျော်ကျော်သိန်း ။  ။ ကျနော် အခုရောက်ရှိနေတဲ့ နေရာဟာ ထိုင်း-မြန်မာနယ်စပ် မဲဆော့ နဲ့ မြဝတီမြို့ တို့ကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတားထိပ်၊ ထိုင်းနိုင်ငံဖက်ခြမ်း လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနနေရာ ဖြစ်ပါတယ်။ ဒီကနေ့ အချိန်အခါဟာ DKBA ကလို့ထူးဘော အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် စောလှဘွယ် ကို မူးယစ်ဆေးဝါးမှုနဲ့ ထိုင်းအစိုးရက ဆုငွေဘတ်တသန်းနဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့အတွက်အတွက် နယ်စပ်ဒေသနဲ့ တချို့ နေရာတွေမှာ တင်းမာမှုအတန်ငယ်ရှိနေတဲ့ အချိန်ကာလဖြစ်ပါတယ်။
မြောက်ကိုရီးယား ရန်စမှု ဒေသတွင်း အင်အားကြီး ၃နိုင်ငံသတိပေး
တနင်္ဂနွေ, 13 မေ 2012
By ဗွီအိုအေ (မြန်မာဌာန)
မြောက်ကိုရီးယားဘက်က ရန်လိုတဲ့အပြုအမူမျိုးကို နောင်မှာ သည်းခံမှာမဟုတ်ဘူးလို့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံတို့က ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု အသစ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အချိန် ဒီသတိပေး ပြောဆိုချက် ထွက်လာတာပါ။
Sunday, May 13, 2012
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့
မေလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းမနိုက်အွာ (ကေအိုင်စီ)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း ရင်းနှီးမြုပ်နှံမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များနှင့် ပတ်သက်၍ ဆွေးနွေးပွဲ တစ်ခုကို ရန်ကုန်မြို့ရှိ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့၏ အစည်းအဝေးခမ်းမ၌ ယမန်နေ့ မွန်းလွဲ ၂နာရီမှ ညနေ ၄နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။
တီဗွီသတင်းလွှာ (၀၅-၁၃-၂၀၁၂)
ကြံ့ဖွံ့သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်မိန့်ကြားချက် (မေလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်)
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်မိန့်ကြားချက်
(မေလ ၁၁ ရက်၊ ၂၀၁၂ ခုနှစ်)
(Lwin Aung Soe's Facebook မှ ကူးယူဖော်ပြပါသည်။ မူရင်းသတ်ပုံနှင့် စာစီစာရိုက်ထားသည့်အတိုင်း တင်ဆက်ထားခြင်းဖြစ်ပါသည်။)
KKO ၏ ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ
The Chinese Are Coming
Source: http://www.sbs.com.au/ondemand/video/2231923128/S1Ep2
ကချင်နယ်မြေတွင်း ထိုးစစ်များ မရပ်ပါက အပစ်ရပ်ထားမှုများ UNFC ပြန်သုံးသပ်မည်
ဖနိဒါ | စနေနေ့၊ မေလ ၁၂ ရက် ၂၀၁၂ ခုနှစ် 
ချင်းမိုင်(မဇ္စျိမ)။   ။ ကချင်ပြည်နယ်အတွင်း ထိုးစစ်များကို ဇွန်လ ၁၀ ရက်နေ့အထိ အစိုးရဘက်မှ မရပ်ဆိုင်းပါက အဖွဲ့ဝင် အဖွဲ့အစည်းများ ရရှိထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများကို
ပြန်လည် သုံးသပ်သွားမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
Saturday, May 12, 2012
မြန်မာ့နည်းမြန်မာ့ဟန်ဒီမိုကရေစီသစ်နှင့် မြန်မာပြည်လယ်သမားအရေး
ယာယီပိတ်ထားသော ဂိတ်အားလုံးကို DKBA ပြန်ဖွင့်
Friday, 11 May 2012
မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထုအကျိုးကို ရှေ့ရှု၍ ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း ယာယီပိတ်ထားသည့် ဂိတ်အားလုံးကို ပြန်လည် ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ၏ ကလို့ထူးဘောတပ်ဖွဲ့မှ ယမန် နေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
အပြန်အလှန် တိုက်ခိုက်မှုမျိုး မရှိဘဲ ထိုင်းစွပ်စွဲမှုကို DKBA ဆက်လက်တုန့်ပြန်သွားမည်
Friday, 11 May 2012
မေလ ၁၁ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းအစိုးရက ဗိုလ်ချုပ်စောလားပွယ်အား မူးယစ်ရာဇာအဖြစ် စွပ်စွဲပြောဆိုမှုများ ရပ်ဆိုင်းသွားခြင်းမရှိပဲ အခြေအနေ ဆက်လက် တင်းမာ ပါက ဒေသခံလူထုကို ထိခိုက်စေမည့် တိုက်ခိုက်မှုမျိုး မရှိအောင် ဆက်လက်တုန့်ပြန်သွားမည်ဟု တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မတော်(DKBA)က ပြောကြားလိုက်သည်။
ကေအဲန်ယူ ဒူးပလာယာခရိုင် ဆက်ဆံရေးရုံးခွဲ ဖွင့်လှစ်တော့မည်
Friday, 11 May 2012
မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းမနိုက်အွာ (ကေအိုင်စီ)
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်မှ ခရိုင်ဆက်ဆံရေးရုံးခွဲကို လာမည့် မေလ ၁၅ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၌ ဖွင့်လှစ်တော့မည်ဟု နယ်မြေခံ တာဝန်ရှိသူတစ်ဦးက ပြောသည်။
KNLA ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီးမိုးဖြူ ကွယ်လွန်
Friday, 11 May 2012
မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးမှူး ဒုတိယတန်းအဆင့်ရှိသူ ဗိုလ်မှူးကြီးစောမိုးဖြူ ၆၂နှစ်သည် ယနေ့မွန်း လွဲ ၁း၄၅နာရီအချိန်တွင် ဆီးချိုရောဂါဖြင့် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ကွယ်လွန်သွားခဲ့သည်။
အဆိပ်သင့်နှလုံးသားများ
လက်ရှိအရပ်သားစစ်အစိုးရ၏ကျူးကျော်စစ်ကြောင့် ဘေးဒုက္ခအပေါင်းနှင့်ရင်ဆိုင်ကြုံတွေ့နေရသော ညီနောင်ကချင်တိုင်းရင်းသားတို့ဘ၀အားစာနာလျက်ဤဆောင်းပါးကိုရေးသားဖော်ပြပါသည်။
ဖြတ်လေးဖြတ်
၁။ အဆက်အသွယ်ဖြတ်မည်၊
၂။ အထောက်အပံ့ဖြတ်မည်၊
၃။ ရိက္ခာဖြတ်မည်၊
၎။ သတ်ဖြတ်မည်။ 
Friday, May 11, 2012
Thursday, May 10, 2012
North Korean restaurant in Myanmar
မြန်မာပြည်မှာ ဖွင့်တဲ့ North Korean restaurant မှာ North Korean girl များ မြန်မာလို သီဆိုဖျော်ဖြေ နေပုံ.. မြန်မာသီချင်းတောင် အေးအေးဆေးဆေး ဆိုနိုင်အောင် မြန်မာလို့ လေ့ကျင့်ပြီမှာ မြန်မာပြည်မှာ စားပွဲထိုး တေးဆို အလုပ်ကို လာလုပ်တယ် ဆိုတော့ အတော်စဉ်းစားစရာပါ... အနောက်နိုင်ငံတွေကတော့ ဒီဆိုင်ဟာ North Korean Spy network အတွက် လာဖွင့်ထာတာလို့ ယိုးစွပ်ထားပါတယ်... မဆိုင်တာ တစ်ခုကိုပြောရမယ် ဆိုရင်တော့ မြန်မာပြည်ရောက် North Korean girl လေးတွေ အားလုံးက အတော်ကို လှပါတယ်... Pyongyan Koryo Restaurant A-5, Saya San Road, Bahan Township, Tel: 09-731 04544 the fried kimchi-stuffed chicken (K8000), beef and jinchae sauce (K8500), pan-fried kimchi pancake (K5000) and white kimchi (K4000), which paired nicely with a bottle of Pyongyang soju (K8000).
Source: http://www.shweo.com/
ဗိုလ်ချုပ်စောလားပွယ်ကို သတင်းစာရှင်းလင်းပွဲ၌ ရလလဖ ဒုဥက္ကဌလာရောက်ထောက်ခံအားပေး
Thursday, 10 May 2012
မေလ ၁၀ရက်၊ ၂၀၁၂ခုနှစ်။ ကေအိုင်စီသတင်းထောက် နန်းသူးလေ၏ သတင်းပေးပို့ချက်
ကရင်ပြည်နယ် ဆုံဆည်းမြိုင်(ကော်သူးမွဲခီး)တွင် ယနေ့မနက် ၁၀နာရီ၌ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ်(နှုတ်ခမ်းမွေး)က မူးယစ်ရာဇာအဖြစ် ထိုင်းအစိုးရ၏ ဆုငွေထုတ်စွပ်စွဲမှုကို ဖြေရှင်းသည့် ဒုတိယအ ကြိမ် သတင်းစာရှင်းလင်းပွဲသို့ သျှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ) ဒု-ဥက္ကဌ စိုးအောင်ငွေ တက်ရောက်ခဲ့ သည်။
အစိုးရနဲ့ ကေအိုင်အေ တိုက်ပွဲပြင်းထန်
ဗုဒ္ဓဟူး, 09 မေ 2012
By ကိုမိုးဇော်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အဆင့် တိုးမြှင့်ဖို့အတွက် အစိုးရ ဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ကို ပြုပြင် ဖွဲ့စည်းလိုက်ချိန်မှာ ကချင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေ က ပြင်းထန်နေဆဲဖြစ်ပါတယ်။ 
State and Ethnic People; Violence and Healing
ဒု သမ္မတသစ် ဘယ်သူဖြစ်မလဲ
on May 9, 2012
ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက မေလ ၃ ရက်နေ့တွင် ရာထူးမှ နုတ်ထွက်စာ တင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် ၎င်း၏နေရာတွင် မည်သူ့ကို ရွေးချယ်ခန့်အပ်မည်နည်း ဆိုသည်ကို လူအများက စိတ်ဝင်စားလျက်ရှိသည်။
၀၁၁ ခု ဇွန်လအတွင်းက အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင်တွေ့ဆုံစဉ် မြင်တွေ့ရသည့် ဒု သမ္မတ ဦးတင်အောင်မြင့်ဦး (ဓာတ်ပုံ - AP / straitstimes.com)
ဘုရားသုံးဆူတွင် ပြန်ပေးဆွဲမှုဖြစ်ပွား
Wednesday, 9 May 2012
မေလ ၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အတွင်း လူထု ၇ဦးကို ပြောက်ကျားဝက်စုံ ၀တ်ဆင်ထားသည့် အမည်မသိ သေနတ်သမားတစုက ယမန် နေ့ည ၉နာရီ၌ ပြန်ပေးဆွဲခဲ့သည်ဟု မျက်မြင်သက်သေ မြို့ခံများက ပြောသည်။
Wednesday, May 9, 2012
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ညီညွတ်ကြရန် တိုင်းရင်းသားတပ်ဖွဲ့များ ဆုံးဖြတ်
Written by သတင်းနှင့်မီဒီယာ ကွန်ယက်။ သဇင်နီ။ မေလ ၈ ရက်၊ ၂၀၁၂ ခုနှစ်။
 Tuesday, 08 May 2012 
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ်ကြရန် လိုအပ်ကြောင်း ပြည်တွင်းနှင့် နယ်စပ်ဒေသ တလျောက်ရှိ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများက ပြောသည်။
ယခင်ကတည်းက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူထားသည့် ပြည်တွင်းရှိ တပ်ဖွဲ့များနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့မှ ကိုယ်စားလှယ်များ အပါအ၀င် လက်ရှိ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ပြုလုပ်နေသည့် အဖွဲ့ပေါင်း (၂၀) မှ ကိုယ်စားလှယ်များ (၂) ရက်ကြာ ဆွေးနွေးခဲ့ပြီး အချက် (၄) ချက်ကို ဆုံးဖြတ်ခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်တဦးက အခုလို ပြောသည်။
ငြိမ်းအဖွဲ့သစ် ရည်ရွယ်ချက်များ အကောင်အထည်ဖော်ရန် ခက်နိုင်
May 9, 2012 
သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ အဖွဲ့သစ် ဖွဲ့စည်းလိုက်သော်လည်း ၎င်းတို့ချမှတ်ထားသည့် ရည်ရွယ်ချက်များကြောင့် လက်တွေ့ အကောင်အထည်ဖော်ရန် မလွယ်ကူကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) က ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သော ကရင်အမျိုသားအစည်းအရုံး (KNU) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့၏ ဆွေ့ဆုံဆွေးနွေးပွဲတွင် မြင်ရသော ကရင်အလံနှင့် မြန်မာနိုင်ငံအလံ (ဓာတ်ပုံ - Reuters)
ဗိုလ်ချုပ်နှုတ်ခမ်းမွှေးကို ထိုင်းလက်ထဲ လွှဲပြောင်းပေးရန် မြန်မာရဲချုပ်အား ONCB တောင်းဆို
Tuesday, 8 May 2012
မေလ ၈ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
မူးယစ်ဆေးအမှုဖြင့် ဆုငွေထုတ်ခြင်းခံထားသော DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (နှုတ်ခမ်းမွှေး)အနေဖြင့် တရားရင်ဆိုင်ရန် ထိုင်းအစိုးရလက်ထဲသို့ လွှဲပြောင်းပေးရေးကို Office of the Narcotics Control Board -ONCB က မြန်မာနိုင်ငံ ရဲချုပ်အား ယနေ့ တောင်းဆိုလိုက်သည်ဟု Bangkok Post အွန်လိုင်းစာမျက်နှာတွင် ရေးသားဖော်ပြသည်။
Tuesday, May 8, 2012
DKBA နဲ့ အစိုးရကြား တင်းမာမှု KNU ကြားဝင် စေ့စပ်ဖို့ ကမ်းလှမ်း
တနင်္လာ, 07 မေ 2012
ဓာတ်ပုံ aye mar
ဗိုလ်ချုပ် စောလားပွယ် သတင်းစာရှင်းလင်းပွဲ လုပ်ပုံ။ 
Monday, May 7, 2012
Interview with U Win Tin – သော့ခလောက်ကြီး တန်းလန်းနဲ့ပဲလား (၂)
သော့ခလောက်ကြီး တန်းလန်းနဲ့ပဲလား ပြီးတော့ ရှေ့ဆက်စရာတွေ (၂)
ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ မေ ၇၊ ၂၀၁၂
တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ မြန်မာပြည်အနာဂတ်
2012-05-05
အခုတပတ် ဦးခင်မောင်စိုး စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာပြီဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကနေ တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပါအဝင် မြန်မာပြည်သူတွေအတွက် ဆောင်ရွက်ပေးနိုင်မယ့် အလားအလာတွေကို တိုင်းရင်းသား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦးက ပါဝင်ဆွေးနွေးကြပါလိမ့်မယ်။
RFA
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က နေပြည်တော် ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်နေကြစဉ်။
Sunday, May 6, 2012
မြစ်ကြီးနားဗုံးကွဲ ၃ ဦးထိခိုက်
စနေ, 05 မေ 2012
ကချင်ပြည်နယ် မြစ်ကြီးနားမြို့လယ်နဲ့ ၂ မိုင်လောက်အကွာမှာရှိတဲ့ ရွှေလမ်းမကြီး နားမှာရှိတဲ့ တံတားတခုမှာ ဒီနေ့ မနက်အစောပိုင်းက ဗုံး ၂ လုံး ရှေ့ဆင့် နောက်ဆင့်ဆိုသလို ပေါက်ကွဲခဲ့လို့ ၃ ယောက် ဒဏ်ရာရသွားပါတယ်။ အစိုးရနဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှေ့မဆက်နိုင်ဘဲ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေချိန်မှာ မြစ်ကြီးနားမြို့တဝိုက် ခုရက်ပိုင်းအတွင်း ဗုံးတွေ ဆက်တိုက်ဆိုသလို ပေါက်ကွဲနေတာဖြစ်ပါတယ်။ ဒီနေ့ ဗုံးကွဲတဲ့ အခြေအနေကို စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြထားပါတယ်။
Saturday, May 5, 2012
ထားဝယ်စီမံကိန်း နဲ့ ထိုင်းနိုင်ငံ
စနေ, 05 မေ 2012
By ဦးအောင်ခင် & မညိုညိုလွင်
ထိုင်းနိုင်ငံနဲ့ ဆက်သွယ်ထားမယ့် ရေနက်ဆိပ်ကမ်းနဲ့ အထူးစက်မှုဇုန်ကို ထားဝယ်မှာတည်ဆောက်ဖို့ ဗမာစစ်အစိုးရနဲ့ အီတလျံ-ထိုင်းကုမ္မဏီ (Italian-Thai Development Plc)သဘောတူညီခဲ့ပြီးနောက် မကြာခဏ သတင်းရေးကြပါတယ်။ အခုတော့ ဂျပန်ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ရေနက်ဆိပ်ကမ်းအပြင် သင်္ဘောကျင်း ရေနံဓာတုစက်ရုံ၊ ရေနံချက်စက်ရုံ၊ သံမဏီစက်ရုံ၊ လျှပ်စစ်ဓါတ်အားစက်ရုံ၊ ဓါတ်မြေသြဇာစက်ရုံ စတာတွေကို အကျယ်အဝန်း စတုရမ်းမိုင်တရာရှိမယ့် အထူးစက်မှုနယ်မြေမှာ တည်ဆောက်မယ့် (၁၀) နှစ် စီမံကိန်းပါ။ နောက်ပြီးတော့ ကားလမ်းရထားလမ်းဖောက်ပြီး ထိုင်းနိုင်ငံနဲ့ဆက်ဖို့ ရည်ရွယ်ပါတယ်။
Burmese TV Update 05-05-2012
ကျူးကျော်တဲများ အဓမ္မ အဖျက်ခံရ (ရုပ်သံ)
ဗိုလ်ချုပ်စောလားပွယ်အခြေစိုက်ရာ နယ်စပ်တလျှောက် ထိုင်းဘက်မှ တပ်လှန့်ထား
မေလ ၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ခေါင်းဆောင် ဗိုလ်ချုပ်စောလား ပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) အခြေစိုက်ရာ ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ယခုရက်ပိုင်းအတွင်း ထိုင်းစစ်တပ်များ တပ်လှန့်ထားသည်။
Friday, May 4, 2012
အပစ်ရပ်ခဲ့သော်လည်း မျှော်လင့်ချက် မဲ့သည့် သင်ခန်းစာများ မမေ့ကြရန် KDNG သတိပေး
Thursday, 3 May 2012
မေလ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
အစိုးရနှင့် KIO အပစ်ခတ်ရပ်စဲခဲ့ပြီးနောက်ပိုင်း တိုးတက်ပြောင်းလဲမှု မရှိသည့်အဖြစ်ကို သင်ခန်းစာယူကြရန် ကချင် လူမှုဖွံ့ဖြိုးတိုးတက် ရေးကွန်ယက်အဖွဲ့(KDNG) က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား သတိပေးလိုက်သည်။
Download Karen or Burmese Fonts by clicking link Above
Karen Song (Dick Dick)